ကျိုင်းတုံမြို့၌ “ပန်းခင်း”စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိ

ကျိုင်းတုံ    စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီက တြိဂံဒေသတိုင်းစစ်ဌာချုပ် လက်အောက်ရှိ ခမရ (၅၂၉)ရှိ တပ်မတော်သားများနှင့် မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်၊ ခေတ္တမြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား  ပုံစံ ၃(က)ပြုလုပ်သူ(၁၈)ဦး၊ ပုံစံ၆(က)ပြုလုပ်သူ (၁)ဦး၊ ပုံစံ ၃(က)မှ ၆(က)လဲလှယ်သူ (၁၁)ဦး၊ ပျောက်ဆုံး/ပျက်စီး လဲလှယ်သူ(၆)ဦးပေါင်း (၃၆)ဦးနှင့် အိမ်ထောင်စု(၂၀)စု တို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခဲ့ပြီး၊ မွေးတိုးများဖြည့်သွင်းပေးခြင်း၊ သေဆုံးစာရင်း များကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း စသည်တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)