မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး လိုက်လံနှိုးဆော်

မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၅

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျ စေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၁) နာရီအချိန်က ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန် မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့မှလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်၍ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်  ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ကြေညာခြင်းဆောင်ရွက်သည်။

မြို့နယ် ပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအပေါ် NUG/PDFတို့၏ အကြမ်းဖက်နှောင့်ယှက်မှုများ အားပြည်သူသို့ အသိပေးချက်များအား အသိပေးနိုးဆော်ခြင်းကို Hand speaker များဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဉီးစီးဌာန၊ ဝန်ထမ်းများက လိုက်လံနှိုးဆော်ကြကြောင်း သိရှိရသည်။

အောင်အောင်