Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်
Sep 15,2021
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အသက်(၆၅)နှစ်အထက် အဘိုး/အဘွားများ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်…
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသော (၆၅)နှစ်အထက် အဘိုး/အဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရေး အတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်မှုဇုံပြင်ပအလုပ်သမား ၃၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပ အလုပ်သမားများအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက် တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ်(ဒုတိယနေ့)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်ရှိ ပရဟိတလူမှုကူညီရေး အသင်းများသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စွက်အစာများ ထောက်ပံ့လှူဒါန်း
Sep 15,2021
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံကူညီဆောင်ရွက် နေကြသည့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များအတွက် တာလေမြို့ရှိ ရန်ကင်းဆီပန့် မိသားစုမှ ထိုင်းဘတ်ငွေ ငါးသောင်းခန့် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စွက် အစာများကို ယမန်နေ့က ဝမ်လုံးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ပုလဲဓါတ်မြေဩဇာနှင့် နွားချေးသဘာ၀မြေဆွေးရောစပ်၍ အကျိုးရှိစွာသုံးစွဲရေး၊ ရွက်ဖျန်းမြေဩဇာသုံးစွဲရေး ပညာပေးကွင်း သရုပ်ပြပွဲနှင့် မန်ဂျန်ရှ…
Sep 15,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်လာစေရေးအတွက် ပုလဲဓါတ် မြေဩဇာနှင့် နွားချေးသဘာ၀မြေဆွေး ရောစပ်၍ အကျိုးရှိစွာသုံးစွဲရေး၊ ရွက်ဖျန်းမြေဩဇာသုံးစွဲရေး ပညာပေးကွင်းသရုပ်ပြပွဲနှင့် မန်ဂျန်ရှားကြီးမြန်သစ်ပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မတ်ပန်ကွင်း မျိုးသန့်မျိုးစေ့ထုတ်စံပြကွက (၁၀)ဧက၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာလတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ကို ရောင်းချပေးလျက်ရ…
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်စေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး
Sep 15,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/က)ရှိ သမဂ္ဂဓမ္မာရုံတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25578
Page
25579
Page
25580
Page
25581
Current page
25582
Page
25583
Page
25584
Page
25585
Page
25586
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department