ဝါးခယ်မ စက်တင်ဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိဦးကျော်စိုး နှင့်ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ကုန်တင်ကုန်ချမှတ်ပုံတင်လုပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များအား လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ ၊မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး ဦးစီးအရာရှိဒေါ်မိုးသီတာတို့က ကြီးကြ၍ ကုန်တင်ကုန်ချမှတ်ပုံတင်လုပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်(၂၀) ဦးခန့်အား နိုင်ငံသားစိစစ် ရေးကတ်အသက် (၁၀)နှစ်ပြည့်(၂) ကတ်၊ အသက် (၁၈)နှစ်ပြည့် (၈) ကတ်၊ လဲလှယ် (၅)ကတ်၊ စုစုပေါင်း (၁၅) ကတ်နှင့်ရွှေ့ပြောင်းအိမ် ထောင်စုဦးရေစာရင်း(၁)ခုတို့အား နေ့ချင်းအပြီးဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့်မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃)ရက် နေ့အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအားဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
စောသန္တာဦး(ပြန်/ဆက်)