Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဟိုင်းကြီးတိုက် နယ်ဆေးရုံနှင့် ကျောက်ချောင်းတိုက်နယ်ဆေးတို့ရှိ အောက်ဆ…
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဟိုင်းကြီးတိုက်နယ်ဆေးရုံနှင့် ကျောက်ချောင်းတိုက်နယ်ဆေးရုံတို့အား ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ပိုင်းက အောက်ဆီဂျင်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သူများကူညီ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် စက်မှုဇုံပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စက်မှုဇုံပြင်ပစက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီက မြို့မရပ်ကွက် အ.ထ.က(၁) သီရိရတနာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ဘုရင့်နောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်စည်ပင်သာယာ ရေးဌာနအထွေထွေပိုလျှံရန်ပုံငွေဖြင့် တာလေ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက် ဘုရင့်နောင်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယမန်နေ့က မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် အောက်စီဂျင် Plant စက် စတင်လည်ပတ်လျက်ရှိ
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော် ကျေးရွာရှိ သံတောင်ဉီးကုမ္ပဏီပိုင် ရှန်တော်သကြားစက်ရုံ အတွင်းတွင် စက်ရုံပိုင် အောက်စီဂျင် Plant စက်သည် ယမန်နေ့ ညနေပိုင်းကစတင်ပြီး လည်ပတ်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေး သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန် လွတ်စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေး(၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အဆိုပါ ဟင်းသီး ဟင်းရွက် နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များ ဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များ ကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအသိပညာပေး နှိုးဆော်
Sep 15,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက်များ တွင် လှည့်လည် ၍အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည် ရောဂါခံစား နေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပ…
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄) နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား စက်တင်ဘာ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စင်တာ၊ တိုက်နယ်ဆေးရုံများနှင့်ကျေးရွာကျန်းမာရေးဌာနများတွင် ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25572
Page
25573
Page
25574
Page
25575
Current page
25576
Page
25577
Page
25578
Page
25579
Page
25580
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department