ဟိုပုံး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အသက် အပိုင်းအခြား အုပ်စုအလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံခြင်းကို အုပ်စု (A) တွင် အကျုံးဝင်သူများဖြစ်သည့် အသက်(၆၀)နှစ်မှ အသက် (၆၄)နှစ်၊ အသက် (၅၅) နှစ်မှ အသက် (၅၉) နှစ်၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ် နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ အုပ်စု (B) တွင် အကျုံးဝင်သည့် အသက်(၅၀)နှစ်မှ အသက်(၅၄)နှစ် ၊ အသက်(၄၅)နှစ်မှ အသက်(၄၉) နှစ်ရှိသူများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ပထမအကြိမ် နှင့် ၂၀၂၁ ခုနှစ်နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ဒုတိယ အကြိမ်အဖြစ်လည်းကောင်း၊ အုပ်စု (C) တွင် အကျုံးဝင်သည် အသက် (၄၀ )နှစ်မှ အသက် (၄၅)နှစ်ထိရှိသူများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၁ ရက် နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့ထိ ပထမအကြိမ်နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၉)ရက်နေ့မှ ၂၀၂၂ခုနှစ် ဇန်နဝါရီ (၅)ရက်နေ့ထိ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ ဟိုပုံးပြည်သူ့ဆေးရုံ၊ ကျောက်တန်းတိုက်နယ်ဆေးရုံ၊ နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌာန၊ စံဖူးကျေးလက် ကျန်းမာရေးဌာန၊ မိုင်းပျဉ်းကျေးလက်ကျန်းမာရေးဌာန၊ နောင်ဒေးကျေးလက်ကျန်းမာရေးဌာနတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်၍ လာရောက်ထိုးနှံကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်ထားပြီး ဟိုပုံးမြို့နယ်တွင် ကိုဗစ် ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူ ၃၇၀၂ ဦးရှိပြီး ဖြစ်ကြောင်းသိရသည်။
မအိ (ပြန်/ဆက်)