ရွှေတောင် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာများတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပထမအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် သာသနာ့ဗိမ္မာန်တွင်(၁၅၀)ဦး၊ ဝါးတော RHCတွင် (၁၀၀)ဦး၊ မြို့မRHCတွင် (၁၀၀)ဦး စုစုပေါင်း (၃၅၀)ဦးကို မနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေးခဲ့ပြီး (၁၅-၉-၂၀၂၁)ရက်နေ့မှ (၂၀-၉-၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေး ထိုးစုရပ်အသီးသီးတွင် နံနက် ၉ နာရီမှစတင်၍ နေ့စဉ်ထိုးနှံပေးသွားမည် ဖြစ်ပြီး ဦးတည် အုပ်စုများမှာ အသက်၅၅နှစ်နှင့်၆၄နှစ်ကြား၊ မသန်စွမ်းဆေးထိုးရန်ကျန်သူများ၊ ရောဂါအခံရှိ၍ ဆေးထိုးသင့်သူများအား ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ကိုကိုမင်း