Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇီးကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံ
Sep 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ ရက်နံနက် ၈ နာရီမှစတင်၍ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက်၊ မြို့လယ် သံဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အုန်းပင်စုရပ်ကွက်ရှိ အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပေးကြေညာ
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ အုန်းပင်စုရပ်ကွက်အတွင်းရှိ စက်မှုဇုန်ပြင်ပ ပုဂ္ဂလိက အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနိူးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်အတွင်း အသံချဲစက်ဖြင့် အသိပေး နိူးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးစုရပ် (၃) နေ ရာတွင် ယနေ့နံနက် (၉) နာရီမှ စတင်ကာ စုရပ်အသီးသီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ချက်များအား မြို့အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ Hand Speaker ဖြင်…
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ပျံ့ပွားလျှက်ရှိပြီး နေ့စဉ် ရောဂါကူးစက်မှုများဖြစ်ပေါ်လျှက်ရှိသောကြောင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက ်ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ပြည်သူသို့အသိပေး ပြန်ကြားချက်များအား ယနေ့ နံနက်(၁၀) နာရီ က ကျောက်ချောင်းကျေးရွာသို့ ကွင်းဆင်း၍ လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးဆိုင်ရာများအား ဖြူးမြို့နယ်အတွင်း အသိပညာပေး နှိုးဆော်
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး၊ မြို့နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်း စသည့် အသိပညာပေးခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့၊ နံနက်(၈) နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် ဈေးကားဖြင့် စားသောက်ကုန်များ ပဉ္စမအကြိမ် လာရောက်ရောင်းချ
Sep 16,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် Mobile Market ကားဖြင့် ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်တွင် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အကြား အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ သံဃာတော်များအား စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး မဟာလောကသီရိဘုရားကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25547
Page
25548
Page
25549
Page
25550
Current page
25551
Page
25552
Page
25553
Page
25554
Page
25555
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department