Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာခရိုင်၌ ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦး ခန့်အပ်တာဝန်ပေး
Aug 20,2020
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မိတ္ထီလာခရိုင်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦး ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး အုန်းဟန်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင် မြို့သစ်မြို့ နယ်မြေမီးသတ်စခန်းအား စံပြစခန်းအဖြစ် စနစ်တကျဆောင်ရွက်တတ်စေရန် စစ်ဆေး
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့ နယ်မြေမီးသတ်စခန်းအား တပ်တည် ဆောက်ရေး တာဝန်(၄)ရပ်နှင့်အညီ စံပြစခန်းအဖြစ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ တမူးခရိုင်မီးသတ်ဦးစီးဌာန ၏ လမ်းညွှန်မှုဖြင့် တမူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က မြို့သစ်မြို့နယ်မြေမီးသတ် စခန်းသို့ လာရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library ဖွင့်လှစ်ငှားရမ်းခြင်းဆောင်ရွက်
Aug 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် Mobile Library ဖွင့်လှစ်၍ စာငှားကတ်ပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များအား ပြည်သူများ၊ စာဖတ် ပရိသတ်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ မင်္ဂလာဈေးအတွင်း ရေဝင်ရောက်မှုကြောင့် ကမ်းနားလမ်းပေါ် ၌ ယာယီဈေးရောင်းချ
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မင်္ဂလာဈေးအတွင်းသို့ ယမန်နေ့ကစပြီး ရေဝင်ရောက်မှုကြောင့် ဈေးဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကမ်းလမ်းလမ်းပေါ်၌ ယနေ့နံနက်ပိုင်းမှစ၍ ယာယီဈေးရောင်းချကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၁၁၈ စင်တီမီတာလို
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၁၉၉၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၁၈ စင်တီမီတာလိုသေးကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 20,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းများကို သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်
Aug 20,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဝက္ကသေးကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25546
Page
25547
Page
25548
Page
25549
Current page
25550
Page
25551
Page
25552
Page
25553
Page
25554
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department