အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာယောကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း နှင့် ရေကာတာတန်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Aug 17,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့ရှိ စုပေါင်းရုံး၌ ယမန်နေ့က ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Aug 17,2020
COVID - 19 ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသည့် CERP အစီအစဉ်အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ယ​နေ့နံနက် ၈ နာရီခွဲက၂၃ ကျင်းပသည်။