အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပစက်မှုဇုံနှင့် ရွှေပေါက်ကံစက်မှုဇုံများမှ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ကုသရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါ သံသယလက္ခဏာရှိသူများနှင့် အတည်ပြု လူနာထိတွေ့မှု ရာဇဝင် ရှိသူများအား ရောဂါ ကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန် ယနေ့နံနက်ပိုင်း(၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ RDT Test Kit ဖြင့် စစ်ဆေး ပေးကြောင်း သိရသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မ (KC) နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Sep 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုများအား ယနေ့နံနက်( ၁၀:၀၀) အချိန်က မြို့နယ်စည်ပင် သာယာရေး ဝန်ထမ်းအဖွဲ့များမှ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး နှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှု များမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့် ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ( ၃)ရပ် ကွက် ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 16,2021
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
Sep 16,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သံယာဆေးရုံရှေ့ အောက်ဆီဂျင်စက်ရုံထားရှိရေး တည်ဆောက်သည့် မြေနေရာတွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့ နံနက် ၈နာရီအချိန်က ရောက်ရှိသည်။