ဇီးကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံ

ဇီးကုန်း  စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ ရက်နံနက် ၈ နာရီမှစတင်၍ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက်၊ မြို့လယ် သံဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက် ရှိသည်။

ကာကွယ်ဆေး ထိုးနှံခြင်းအား မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆေးထိုးနေရာ လေးနေရာခွဲ၍ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ (၉၉၅)ဦးအား ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စနစ်တကျ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးအာကာဖြိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဇီးကုန်းမြို့နယ်တွင် ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ စုစုပေါင်း(၆၈၁၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

တင့်ဆွေ