မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopham ထိုးနှံပေးလျက်ရှိ

မြိုင် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopham ကို မြိုင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် လက်ယက်မ တိုက်နယ်ဆေးရုံတို့တွင် ဦးစားပေးအုပ်စုများအလိုက် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြိုင်မြို့ အ.ထ.က(၁)စာသင်ကျောင်းတွင် မြို့ပေါ်အမှတ်(၁၊၂၊၃)ရပ်ကွက်များ၊ ကန်နီ၊ ဂွေးပင်လယ်၊ ကျောက်ဆောက်နှင့် ဒဟတ်ချောက် ကျေးရွာအုပ်စုများ လက်ယက်မတိုက်နယ်ဆေးရုံတွင် လက်ယက်မ၊ ပေါင်းတည်၊ မကျီးကန်နှင့် ဖျသီးကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးစုရပ်များတွင် လိုက်ပါဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သူရ(ပုံတောင်)