တန့်ယန်းမြို့နယ်၌ အောက်ဆီဂျင် Plan တပ်ဆင်ပြီးစီးသွား၍ စမ်းသပ်ထုတ်လုပ်လျှက်ရှိ

တန့်ယန်း  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လိုအပ်လျှက်ရှိသော အောက်ဆီဂျင် Plan တပ်ဆင်ပြီးစီ၍ စမ်းသပ်ထုတ်လုပ်ခြင်းကို  ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စက်ရုံ အဆောက်အဦ၌ ဆောင်ရွက်ကြသည်။

အဆိုပါ အောက်ဆီဂျင် Plan စမ်းသပ်ထုတ်လုပ်နေမှုအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီမှ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး ယခုတပ်ဆင်ပြီးစီးသည့် အောက်ဆီဂျင် Plan သည် အောက်ဆီဂျင် ၄၀ လီတာအိုး လုံးအား တပြိုင်တည်း ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုပြီးပါက မြို့နယ်တွင်းရှိ အောက်ဆီဂျင် လိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် အခြားပုဂ္ဂလိက လိုအပ်သူများကို ဖြည့်သွင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လူနာများ အားထားစရာ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။           

မင်းလွင်ဦး