ခေါဇာတွင် အသက် ၅၅ နှစ်နှင့်အထက်‌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမကြိမ် စတင်ထိုးနှံပေး

ခေါဇာ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ ခေါဇာမြို့တွင် အသက် ၅၅ နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ ကစတင်၍ ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် တာဝန်ရှိသူများက ကာကွယ်ဆေးများ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)  တတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၅၅)နှစ်နှင့်အထက် ဆေးထိုးနှံမည့် ဒေသခံပြည်သူများအား အသက်အရွယ်အုပ်စု သက်မှတ်ချက်အလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ရေးမြို့နယ်အတွင်း တစ်ပုလ္လင်နှစ်ဆူဘုရားဓမ္မာရုံ၊ အထက(လမိုင်း)၊ နှစ်ကရင်ကျေးရွာ၊ တောင်ဘုံကျေးရွာ၊ အာယုတောင်ကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာ၊ ဟံဂံကျေးရွာ၊ ကျောင်းရွာကျေးရွာနှင့် ခေါဇာမြို့ရွာ လယ်ဘုရားဓမ္မာရုံ တို့တွင်ဆေးထိုးစုရပ် (၉)ခုထားရှိကာ စုရပ်တစ်ခုတွင် စုစုပေါင်းဆေးထိုးဦးရေ (၁၀၀၀)ဦးအား ကာကွယ်ဆေးများ ထိုးပေးရန် လျာထားကြောင်း ကာကွယ်ဆေးထိုးနှံ‌ရေးအဖွဲ့ အမှတ်(၉)အဖွဲ့ခေါင်းဆောင် ခေါဇာမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ထံမှ သိရသည်။

ခေါဇာ(ပြန်/ဆက်)