တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်

တောင်ငူ စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ၌  မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ နေထိုင်သွားလာမှုရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေးတို့အတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခဲ့​ကြသည်။

ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆေးထိုးစုရပ်နေရာအဖြစ် အမှတ် (၈) ရပ်ကွက် မင်းကြီးညိုရုပ်ထုအနီး ဂေခိုဂယ်ဘား ခရစ်ယာန်ကျောင်း၊ အ.ထ.က ၂ ၊ မြစည်းခုံသာသနာ့ဗိမာန် ၊ ကေတုမတီမြို့သစ်၌ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ ထိုးနှံနိုင်ရေးအပြင် Sinopharm ကာကွယ်ဆေး အမျိုးအစား ထပ်မံ ရောက်ရှိပြီး အသက် ၅၅ နှစ်နှင့်အထက်၊ မသန်စွမ်းများနှင့် ရောဂါအခံရှိသူများအား ဆက်လက် ထိုးနှံနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လှည့်လည် နှိုးဆော်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်