မိုးနဲ စက်တင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့တွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေခြင်းအား မြို့အတွင်းရှိ အများပြည်သူ သိရှိနိုင်ရန်အတွက် ဗွီနိုင်းပိုစတာများလှည့်လည်ကပ်ထားခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးအဝင်ပေါက်၊ လူအများသွား လာရာနေရာကားဂိတ်နှင့် မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးရှေ့ စသည့်နေရာ များတွင်ကပ်ထားရာ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းစည်သူဟိန်းနှင့်ဝန်ထမ်းများက စုပေါင်းကပ်ထားခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် နိုင်ငံနှင့်အဝှမ်း ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် (၃-၅-၂၀၂၁)မှ(၃၁-၁၁-၂၀၂၂) ရက်နေ့အထိဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနသို့လာရောက် ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်းကို ပြည်သူလူထုလွယ်လင့်တကူ သိရှိဆောင်ရွက်နိုင်ရန်အတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဗွီနိုင်းပိုစတာများ ကပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)