လှည်းကူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပရဟိတအဖွဲ့များအား ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

လှည်းကူး စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်ဇော်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှု အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ ၁၈ ဖွဲ့အား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီမှ Dettol ဆေးရည်၊ နှာခေါင်းစည်း mask နှင့် နာ/ကူ အသင်းများအတွက် လိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်