ဝါးခယ်မ စက်တင်ဘာ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသောလူမှုဖူလုံရေးအကျုံး ဝင်ဌာနအသီးသီးမှလုပ်သား (၁၄၀)ဦးကို ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဝါးခယ်မမြို့နယ်ပြည်သူ့ ဆေးရုံ၌ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝါးခယ်မမြို့နယ်မှကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန် ချက်များနှင့်အညီထိုးနှံပေး လျက်ရှိပြီးယခုထိုးနှံပေးလျှက်ရှိသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinovac) အမျိုးအစားဖြစ်သည်။ ယနေ့အထိ(Sinovac) ဆေးထိုးနှံပြီးသူ (၇၄၆)ဦးရှိပြီး ဆေးထိုးရန်ကျန်ရှိသည့်(၁၄၀)ဦးအား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းကျန်းမာရေးဌာနမှသိရသည်။
စောသန္တာဦး(ပြန်/ဆက်)