မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ

မိုင်းပျဉ်း စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရုံးရှေ့မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဒေသတွင်းသတင်းများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးမှတ်တမ်းများ၊  လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြည်သူများသိသင့်၊ သိထိုက်သော အကြောင်းအရာများနှင့် ဒေသတွင်း သတင်းများ ထည့်သွင်းဖော်ပြထားသည်။

မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နံရံကပ်စာစောင် ပြသခြင်းအား အပတ်စဉ် လဲလှယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)