ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့’’ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ပဲခူး စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေးစာရင်းနှင့် ဉပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ လူစည်ကား ရာနေရာများတွင် စက်တင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းကလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့’’ အသိပညာပေးဆိုင်းဘုတ်စိုက်ထူကြောင်း သိရသည်။

ထိုသို့လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့’’ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင် ဗိုလ်မှူးဇင်ဝင်းထွန်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမြတ်နှင့် ဝန်ထမ်းများက ပဲခူးမြို့အတွင်းရှိ ရန်ကုန်-မန္တလေးလမ်း နာရီစင်ပန်းခြံရှေ့၊ မဇင်း()လမ်းထိပ်ပန်းခြံရှေ့နှင့် ကျောက်တွင်း ကုန်းလမ်းဆုံတို့တွင် စိုက်ထူကြောင်း သိရသည်။

ဌေးဌေးကြည်