နမ့်ဆန် စက်တင်ဘာလ ၁၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ မန်တုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ၊မြို့မိမြို့ဖ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မန်တုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ကုမ်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတာသိန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် Concentrator (၄) လုံး ၊ Flower Meter (၁၅) ခု ၊ Oxygen (40l) (၁၅) လုံး ၊ PPE level ဝတ်စုံ (၁၅၀) စုံ တို့အားလည်းကောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မန်တုံမြို့နယ် Volenter များအတွက် ထောက်ပံ့သည့် တစ်လစာ စားသောက်စရိတ်နှင့် စက်သုံးဆီစရိတ် ထောက်ပံ့ငွေကျပ် (၂၇၆၀၀၀၀) အားလည်းကောင်း ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ပေးအပ်ခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌမှ လက်ခံရယူခဲ့ကြောင်း သိရသည်၊
ထို့နောက် မန်တုံမြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများတွင်သီတင်းသုံးလျက်ရှိသော သံဃာတော် များ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့လှူဒါန်းသည့် ဆန်အိတ်(၅၀)အား မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် (၁) ကျောင်းလျှင် ဆန်(၁၀) အိတ်နှုန်းဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းဆိုင်(ပလောင်ဒေသ)