ခိုလမ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မောခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အန်ခြင်းခံစားရသဖြင့် ဆေးရုံသို့ လာရာက်ပြသခဲ့ကြသည်။
၎င်းလာရောက်ပြသသူများအား ယမန်နေ့နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်တွင်ဆေးရုံအုပ်ကြီးမှ TestKitဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်မှ အသက်(၂၇)နှစ် အမျိုးသား(၁)ဦး၊ အမှတ်(၃)ရပ်ကွက်မှ အသက်(၆၃)နှစ် အမျိုးသမီး(၁)ဦး၊ ၊အမှတ်(၄)ရပ်ကွက်မှ အသက်(၂၁)နှစ် အမျိုးသား(၁) ဦးနှင့် အသက်(၅၃)နှစ်အရွယ် အမျိုးသမီး(၂) ဦး၊ စုစုပေါင်း(၅) ဦး မှာကိုဗစ်-၁၉ ရောဂါပိုးPositive စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါပိုးတွေ့လူနာ(၅) ဦးအား ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ပေးသွားမည် ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီထံမှသိရှိရသည်။
ခင်လေးဝင်း(ခိုလမ်)