ကျိုက်လတ်မြို့နယ်၏ လူမှုကူညီရေးပရဟိတအဖွဲ့များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

 

ကျိုက်လတ်   စက်တင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ  မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အမှတ် ၄ ရပ်ကွင်၊ ၉ လမ်း ရေကြည်တော်လူမှုကူညီရေးအဖွဲရုံးတွင် လူမှုကူညီရေးပရဟိတအဖွဲ့များအား ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့ဝင်များအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးဦးထွန်းဆွေနှင့် ဝန်ထမ်းများမှလွယ်ကူလျင်မြန်စွာဖြင့် ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကပ်ပြားကျား (၂)ဦး၊ မ(၁)ဦးပေါင်း(၃)ဦး၊ ၁၈နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကပ်ပြားကျား(၂)ဦး၊မ(၄) ဦးပေါင်း (၆)ဦး၊ ၁၀နှစ်ပြည့်နှင့်၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြားကျား (၁၇)ဦးမ(၁၈) ဦးပေါင်း(၃၅)ဦး၊ နှင့်နိုင်ငံသားစိစစ်ရေးကပ်ပြား ပျောက်ဆုံး/ ပျက်စီးမိထ္ထူထုတ်ပေးမှုကျား(၂) ဦးမ(၃)ဦးပေါင်း(၅)ဦး၊စုစုပေါင်း(၂၃) ဦးမ(၂၆) ဦးပေါင်း (၄၉)ဦး  နှင့် အိမ်ထောင်စုစာရင်း( ၇ ) စောင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်