ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မိဘပြည်သူများအား ထပ်မံအသိပညာပေးနှိုးဆော် ခြင်းများဆောင်ရွက်

ပြင်စလူ  စက်တင်ဘာ     ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့တွင်  ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို  မိဘပြည်သူ များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးထပ်မံနှိုးဆော်ကြေညာပေးခြင်းကို ယနေ့  နံနက် () နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ၊ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများအား  Sound Box  စက်ဖြင့်  လိုက်လံအသိပေနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင်  မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ရောဂါ ဆက်လက်ရှိသေးသည့်အတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန် ၊အခြား သူများနှင့် အနည်းဆုံး() ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ပါတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာရေဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျလက်ဆေးပါ ၊ မိမိတို့အိမ်တွင်ပြင်ပမှလာသောဧည့်သည်များအား လက်ခံခြင်းမပြုရန်နှင့် မိမိတို့ကလည်းအခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊ အတူနေမိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာ များခံစားရလာပါက သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ကျန်းမာ ရေးဌာနသို့ ဆက်သွယ်၍ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် စသည့်ကြေညာချက်များကို  ကိုယ်စီလိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်း ပါဝင်ဆောင် ရွက်သွားကြရန်တို့ကို အများပြည်သူ လိုက်နာနိုင်ရေးအတွက် နှိုးဆော်ကြေညာ ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းထွန်း  (ပြန်/ဆက်)