ဝါးခယ်မမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

 

ဝါးခယ်မ  စက်တင်ဘာ  ၁၇

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးနှင့်ဝန်ထမ်းများမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလမန်းတူးချောင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများမှ ဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိ တွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိသူများနှင့် ကိုင်လက်မှတ်မရှိသူ၊ ရွေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူနှင့်လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မ ရှိသူများအားစာရင်းကောက်ယူ ၍မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဝန်ထမ်းများက ကျေးရွာနေပြည်သူများ အားနိုင်ငံသားစိစစ် ရေးကတ်အသက် (၁၀)နှစ်ပြည့်(၂၂) ကတ်၊ အသက် (၁၈)နှစ်ပြည့် (၂၁) ကတ်၊ လဲလှယ်(၂၀) ကတ်၊မိတ္တူ (၁၆) ကတ်၊စုစုပေါင်း (၇၉) ကတ်နှင့်ရွှေ့ပြောင်းအိမ် ထောင်စုဦးရေစာရင်း ()ခုတို့အားဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်း”  စီမံချက်ဖြင့်မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ ()ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ()ရက် နေ့အထိ (၁၈) လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသောဌာနဆိုင် ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)