ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း စစ်ဆေး

ဥတ္တရသီရိ စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများအား  ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဟွာလ်ဇိက်၊ ဥတ္တရခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း ()ခုဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း()ခုအနက် လုပ်ငန်း()ခုအားတင်ဒါ အောင်မြင်ခဲ့ပြီး တင်ဒါအောင်မြင်သည့် လုပ်ငန်း()ခုမှာ တောင်ညို၊ ကြီးပွား၊ (၂၁)သစ်စက်၊ ကျွဲရှင်းကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း တို့ပါဝင်ပြီး လုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့၍ လုပ်ငန်းများအား သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလခွင့်ပြု ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ကြောင့် ယခင်ထက်ပိုမို၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုမြှင့်မားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)