ကွမ်းခြံကုန်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများမှ သံဃာတော်များ နှင့်သာမဏေများအား ကိုဗစ်- ၁၉ရောဂါကြို တင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရာဂါပိုး ရှိ/မရှိ RDTဖြင့်စစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက် ပေးလျှက် ရှိကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းပေါင်း(၁၅၄)ကျောင်းရှိပြီး ရဟန်း(၈၁၅)ပါး၊ သာမဏေ(၅၁၅)ပါး၊ စုစုပေါင်း(၁၃၃၀)ပါး၊ သီလရှင်ကျောင်း(၁၀)ကျောင်း၊ သီလရှင်( ၉၉ )ပါး၊ ရှိရာ စက်တင်ဘာ( ၁ )ရက်နေ့မှ ( ၁၇ )ရက်နေ့အထိ သံဃာတော်များနှင့်သာမဏေများ( ၃၆၅ )ပါးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့်ကျန်ရှိသောကျောင်းများရှိ သံဃာတော်နှင့် သာမဏေ များကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)