သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်များ ထောက်ပံ့ပေးအပ်

သုံးခွ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးမြို့နယ်တွင် အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးများအား  တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဧပြီ၊‌ မေ၊ ဇွန်၊တတ်ိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းကိုသက်ကြီးအဘိုး(၂၉၁)ဦး၊အဘွား(၄၉၆)ဦးစုစု‌ ပေါင်း သက်ကြီးဘိုးဘွား(၇၈၇)ဦးတို့  အတွက်၂၃၆၁၀,၀၀၀ /- ကျပ်သိန်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးကပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ ရေးမှူးများက သက်ကြီး ဘိုးဘွားများ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်