လပွတ္တာ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ချက်များ လိုက်လံ ကြေညာ နိုးဆော်ခြင်းကို နေ့စဉ်ဆောက်ရွက် လျှက်ရှိရာ ယနေ့နံနက် (၈ ) နာရီအချိန်က မြို့နယ်ရပ်ကွက်များ အတွင်းလိုက်လံအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ၊ ပြန်ကြားရေး ဆပ်ကော်မတီနှင့် လပွတ္တာခရိုင် ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ နေ့စဉ်တစ်ကြိမ် ပုံမှန် မြို့ပေါ် ရပ်ကွက်များနှင့် စျေးများ၊ လမ်းမကြီးများ၊ စစ်ဆေးရေး ဂိတ်တို့တွင် အသိ ပညာ
ပေး မော်တော် ယာဉ်ဖြင့် “မိဘပြည်သူများ လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ခွာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း ၊ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာ အောင်ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်
တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အဝတ်အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့်မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ကပ်ရောဂါ အမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စသောကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များ လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရှိရသည်။
လပွတ္တာ ခရိုင်(ပြန်/ဆက်)