မင်းလှမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အထိရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

အထက်မင်းလှ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အထိရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက မြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိသည်။

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေး ခြင်းဖြစ်သည်။ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးရာ၌ ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးကို လူဦးရေ ၈၁၀၀ ဦးထိုးနှံပေးမှာဖြစ်ပြီး၊ အဆိုပါ ကာကွယ်ဆေးကို စက်တင်ဘာ(၁၅)ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၃၄၂၅)ဦးရှိ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)