နမ့်စန်(တ) စက်တင်ဘာ ၁၈
လာအိုနှင့်ထိုင်းနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအကြောင်းအမျိုးမျိုးကြောင့် နေရပ် အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယမန်နေ့ ညနေ၄ နာရီ ခွဲအချိန်တွင် ရောက်ရှိခဲ့ကြကြောင်းသိရသည်။
မော်တော်ယာဉ် ၇ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၁၁၄) ဦး၊ မ (၆၈) ဦး စုစုပေါင်း( ၁၈၂) ဦးကို မြို့နယ်မှတာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ နမ့်စန်မြို့နယ်တွင် ဆင်းသည့် ခရီးသည် မရှိသည့်အတွက်ခရီးသည်များမှာ ယမန်နေ့ညနေ ၄နာရီ၄၀ မိနစ်ချိန်တွင် တောင်ကြီး မြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)