တိုက်ကြီး စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် သေဆုံးမှုလျှော့ချနိုင်စေ ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိသူများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ဦးစားပေး ဦးတည်အုပ်စု အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ (ဒုတိယအကြိမ်) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တိုက်ကြီးမြို့မ (အ.ထ.က)ကျောင်း၌ (၂၅၅)ဦး၊ ဖလုံကံကုန်း (အ.ထ.က)ကျောင်း၌ (၂၀၅) ဦး၊ ဥက္ကံမြို့ရွှေကံသာ ခန်းမ၌ (၁၇၅) ဦး၊ တော်လတီ (အ.ထ.က) ကျောင်း၌ ( ၁၀၅) ဦး၊ အဖျောက်မြို့ ငွေဉဒေါင်းခန်းမ၌ (၂၄၀)ဦး စုစုပေါင်း (၉၈၀) ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များက (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများ ကို QR Code ပါဝင်သည့် ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ပြန်လည်ပေးအပ်ခဲ့ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့အထိ လူဦးရေ (၅၁၃၃)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကို လည်း သတ်မှတ်ထားသော စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
စန်းကလျာခိုင်(ပြန်/ဆက်)