ဝက်လက် စက်တင်ဘာလ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် ၊ ယခု လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၁၄ ရက်နေ့ကတွင် ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလလ ၁၈ ရက်နေ့ တွင် အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊စျေးရောင်းချ သူများ ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးနှံနေကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကိုနောက်ထပ် ရရှိပါက ဒေသခံ ပြည်သူများကို ဆက်လက်၍ ထိုနှံ ပေးသွာမည် ဖြစ်ကြောင်ကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက် )