လက်ပံတန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အသက် (၅၅)နှစ်နှင့်ဦးတည်အုပ်စုများကို သတ်မှတ်စုရပ် နေရာများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး (၁၄၈၅)ဦးထိုးနှံပေးပြီးဖြစ်.

လက်ပံတန်း. စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ကို ဦးစားပေးအစီအစဉ်အလိုက်လူဦးရေ (၅၇၀၀)ကျော်ကို စက်တင်ဘာလ (၁၅)ရက်နေ့မှ စတင်ကာ ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် သတ်မှတ်နေရာများတွင် ပထမအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အထိ (၁၄၈၅)ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်များ၌ အသက် (၅၅)နှစ်မှ (၆၄)နှစ် အထိ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါရှိသူများ၊  EAOs စသည့် ဆေးမထိုးရသေးသည့်သူများကို သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ဆေးကို ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

လက်ပံတန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်