စစ်ကိုင်း စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ မိုးပျံနဂါး ဘက်စုံ မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ဆိတ်၊ ကြက် မွေးမြူထားရှိမှု အခြေအနေများ၊ အစားအစာရရှိနေမှုများ၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေမှုများကို ရှင်းလင်းတင်ပြပေးခဲ့ပြီး ဘက်စုံမွေးမြူထား သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာ သဇင်ပန်း ကြက်မွေးရေးခြံနှင့် ကျောက်ဆည် ကျေးရွာရှိ ဦးစန်းယု ဝတ်မွေးမြူရေးခြံ တည်ဆောက်ရေးလုပ်ငန်းများသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက် လုပ်ဆောင်သွားမည့် အခြေနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းမြို့၊ ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား စက်ရုံအမြန်ဆုံး လည်ပတ်နိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဇော်မြင့်နိုင်