ပခုက္ကူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယ မြောက်နေ့အဖြစ် စက်တင်ဘာ ၁၈ နံနက် ၉ နာရီက ပခုက္ကူမြို့ ပြည်သာယာခန်းမ၊ ဒေသန္တရဆေးခန်း (၁)၊ အမှတ်(၉)အခြေခံပညာ မူလတန်းကျောင်းနှင့် စုရပ် အသီးသီးတို့တွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
ပခုက္ကူခရိုင်အတွင်း စက်တင်ဘာ ၁၆ ရက်နေ့မှ စက်တင်ဘာ ၁၇ ရက်နေ့အထိ ပခုက္ကူမြို့နယ်တွင် ၁၈၄၅ ဦး၊ ရေစကြိုမြို့နယ်တွင် ၁၉၅၀ ဦး၊ မြိုင်မြို့နယ်တွင် ၃၈၅၀ ဦး၊ ပေါက်မြို့နယ်တွင် ၆၆၅ ဦး နှင့် ဆိပ်ဖြူမြို့နယ်တွင် ၁၄၀ ဦး စုစုပေါင်း ၈၄၅၀ ဦးကို ဒုတိယသုတ်(ပထမအကြိမ်) ထိုးနှံပြီးစီးကြောင်း ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေကော်မတီထံမှ သိရသည်။
ဟိန်းသူ(ပြန်/ဆက်)