ပိုင်ကျုံ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့နည်းစေရန်နှင့်ရောဂါအမြန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်း၌စက်တင်ဘာလ၁၉ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ သာသနာပြုပုဂ္ဂိုလ်များ၊အသက်(၅၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ပါသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံမည့်သူများအား ဆေးမထိုးခင်ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးသွားမည ်ဖြစ်ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)