ကျောက်ဖြူမြို့နယ်တွင် ဦးစား‌ပေးအုပ်စုတွင်ပါဝင်သည့်ပြည်သူများနှင့် ဆေးထိုးရန်အကျုံးဝင်သူများ ကို ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဖြူ  စက်တင်ဘာ  ၂၃

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အသက် ၅၅ နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုတွင်ပါ ဝင်သူများနှင့် ဆေးထိုးရန်အကျုံးဝင်သူများအားလုံးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံ ပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအ လိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာ/ သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက် နိုင်ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူ အုပ်စုများ စသည့်ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအဖြစ်နှင့် ကာကွယ်ဆေးထိုးရန်အကျုံးဝင် သူများကို ကိုဗစ် ကာကွယ်ဆေးများ အားထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ဆေးထိုးရန်လာရောက် ကြသည့် ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများမှ သတ်မှတ် နေရာများသို့လိုက် ပါပို့ဆောင် ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ် တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ် အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအ နေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

 

 ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ ပြည်သူစုစုပေါင်း ၄၁၀၀ ဦးတို့အားထိုးနှံပေးထားပြီးဖြစ် ကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

တင်ထွန်းဦး ( ပြန်/ဆက်)