လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၁၂)ဦးထမ်မံတွေ့ရှိ

လွိုင်လင်  စက်တင်ဘာလ ၂၃

လွိုင်လင်မြိုနယ်၌ ယခင်ရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်မှုရှိသူများ အသွားအလာကန့်သတ် ထားရှိသူများထဲမှ  သံသယရှိသူ (၄) ဦးတို့၏ နှာခေါင်း အာခေါင်တို့ဖတ်နမူနာများရယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန် တောင်ကြီးမြို့ ပြည်နယ်ဓာတ်ခွဲဌာနသို့ပေးပို့စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူ  (၁၂) ဦး  ရှိကြောင်း သိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူများကို စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့‌ ပို့ဆောင်ပေးခြင်း ၊ အတူနေမိသားစုများကို အသွားအလာ ကန့်သတ်ထားရှိခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

လွိုင်လင်မြို့နယ် (လွိုင်လင် + ပင်လုံ + မိုင်းပွန် )တွင် ဇွန်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ( ၆၃၁ ) ဦးရှိပြီဖြစ်သည်။

၎င်းတို့အထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ(၅၁၁)ဦး ၊ ရောဂါပိုးကြောင့် သေဆုံးသူ(၁၇) ဦး ၊   ဆေးကုသမှုခံယူလျက်ရှိသူ (၁၀၃ )ဦးတို့ကို လွိုင်လင်ဆေးရုံကြီး ၊ ပင်လုံဆေးရုံနှင့် လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ) ကိုဗစ် -၁၉ လူနာကုသရေးစင်တာတို့၌ ဆေးဝါးကုသပေးလျက်ရှိကြောင်း  လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှ သိရသည်။

လွိုင်လင်မိုး