ကလေးဝမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ကလေးဝ စက်တက်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများ အား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ်  ချင်းတွင်းမြစ်သာခန်းမ၊  မစိန်ကျေးရွာ၊ ကျော်ဇင်ကျေးရွာ၊ သစ်ချောက် ကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် ဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကလေးဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လူဦးရေ ၄၀၀၀ ဦးအား ထိုးနှံပေးသွားမှာ ဖြစ်ရာ မိဘပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာသတ်မှတ်၍ ၅ ရက်နှင့်အပြီး ထိုးနှံပေး သွားမည်ဖြစ်သည်။

ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုတို့မှ စုစုပေါင်း လူဦးရေ ၈၇၀ ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနေရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)