တကောင်း စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့်အစီအစဉ်နှင့် ကျန်းမာရေးဦးစီးဌာန၏ စည်းကမ်း ချက်များအား လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီက တကောင်း မြို့ပေါ်ရှိ ရပ်ကွက်များသို့လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာ၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှု ကိုလျော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်စသည့်တို့ကို ရည်ရွယ်ကာ ကာကွယ်ဆေးရရှိမှုပေါ်မူတည် ၍ အသက်(၅၅) နှစ်နှင့် အထက်ပြည်သူများ၊ ယခင်သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု (၁၂)ခုမှ ကာကွယ်ဆေးထိုး ရန်ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက် (၅၅)နှစ်မပြည့်သေးသော် လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူများအားလုံးအား ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်ဆေးထိုးစုရပ်များသာမက ကျေးလက်ကျန်းမာရေးဌာနများ ကို အခြေပြု၍ ကျေးလက် နေပြည်သူများကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးသော်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ဆက်လက်လိုက်နာနေထိုင်ကြရန်နှင် နေအိမ်ပြင်ပသို့ ထွက်ခွာ တိုင်းလည်း နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ကြရန်အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တကောင်း နယ်မြေရဲစခန်းမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ တကောင်းမြို့အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)