မိုးညိုမြို့နယ် စည်ပင်သာယာစျေးတွင် နှာခေါင်းစည်း (Mask) နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုးညို  သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ စည်ပင်သာယာစျေးနှင့်စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း(Mask)နှင့် ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ပြည်သူများအိမ်အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြစေရန် ယခုလိုနှိုးဆော်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးက ပြောကြားသည်။

အဆိုပါဖြန့်ဝေမှုတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မျက်စိရောဂါကုသရေးကူညီမှုအသင်းတို့ပူးပေါင်း၍ နှာခေါင်းစည်း (၈၅၀ခုနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များအား စျေးရောင်း/စျေးဝယ်လာရောက်သူများနှင့် လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)