ညောင်ဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ဈေးရောင်းချသည့် ခက်ခဲဈေးသည်များအား တဒင်္ဂပြေလည်စေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ဦးတင်းလင်းအောင် ဦးဆောင်ကာ Online မှလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို အိမ်ထောင် စု ၈၀အားအိမ်တိုင်ရာရောက် လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်လင်းအောင်ထံ က သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာအတွင်း ပုဂံမြို့ဟောင်းဘုရားများတွင် ဈေးရောင်းချ သည့် စားဝတ်နေရေးခက်ခဲနေသည့်ဈေးသည်များအား Online မှ Mon Mon Myint Maung Facebook Account မှ မိတ်ဆွေသူငယ်ချင်းများစုပေါင်းလှူဒါန်းသည့် လှူဒါန်းပစ္စည်းများ အား ဦးတင်လင်းအောင်နှင့်အပေါင်းအသင်းများက ထုတ်ပိုးကာမိသားစုဝင်ငွေအင်မတန် ခက်ခဲနေသော အိမ်ထောင်စု (၈၀)ဦးအား အိမ်တိုင်ရာရောက်သွား ရောက်လှူဒါန်း ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါလှူဒါန်းမှုတွင် ဆန် ၁ပြည်၊ဆီ ၅၀ကျပ်သား၊ ကြက်သွန် ၅၀ကျပ်သာ၊ ခေါက်ဆွဲခြောက် ၁ထုပ်ဆီ၊ ဆား ၅၀ကျပ်သား၊ကုလားပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၅လုံးဆီအား အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရကာ မြင်းကပါကျေးရွာ၊ တောင်ဘီကျေးရွာများရှိ အိမ်ထောင်စု(၈၀)အား လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD