ပုလော သြဂုတ် ၂၃
၂၀၂၀ ပြည့်နှစ် ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလှည့်လည်ချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီက ပုလောမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုလှည့်လည်ချီးမြှင့်ပွဲကို ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အကျင့်စာရိတ္တကောင်း မွန်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပုလောမြို့နယ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအတုယူ၍ ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်လေးများ ဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာကြစေရန်နှင့် လူရည်ချွန်များသည် ထာဝရလူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူး ဒေါ်လှလှအေးက ပြောကြားခဲ့သည်။
ပုလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ဘက်စုံ ထူးချွန် လူရည်ချွန် (၅) ဦးပေါ်ထွက်ခဲ့ပြီး အထက (၁) ပုလောမှ မစီဒီထွေး (၂၀၂၀ ပြည့်တက္ကသိုလ်၀င်တန်း (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ)၊ အထက (၁) ပုလောမှ န၀မတန်း မစုမြတ်ဇော်ဇော် (၂) ထပ်ကွမ်း လူရည်ချွန်၊ အထက (၁) ပုလောမှ နဝမတန်း မောင်ဉာဏ်လင်းထွန်း၊ အထက (၁) ပုလောမှ အဌမတန်း မရည်ရွယ်ရဲထွဋ်၊ အထက (ရှပ်ပုံ)မှ အဌမတန်း မောင်အောင်ပြည့်ဟိဏ်းတို့ ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် မှ ၂၀၂၀ ပြည်နှစ်အထိ ပုလောမြို့နယ်တွင် လူရည်ချွန် (၂၈) ဦးပေါ်ထွက်ခဲ့ကြောင်း မြို့နယ် ပညာရေး ဌာနမှ သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)