မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ

ကန့်ဘလူ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ ()၊ ပုံစံ ()၊ ပုံစံ (-) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများက တင်ပြလျှောက်ထားလာသော အမည်စာရင်းထည့်သွင်းပေးရန် ပုံစံ () ဖြင့် လျှောက်ထားလာ သူ ၆၅၂၀ ဦး၊မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေ၍ အမည်စာ ရင်းပယ်ဖျက်ပေးရန် ပုံစံ()ဖြင့် လာရောက်ကန့်ကွက်သူ ၁၇၉၁ ဦး၊ မဲစာရင်းနှင့်စပ်လျဥ်းသည့် ပြင်ဆင် လွှာပုံစံ(-) ဖြင့် လျှောက်ထားသူ ၂၂၄၉ ဦး ရှိရာ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမာခိုင် ထံမှသိရသည်။ 

ကန့်ဘလူမြို့နယ်တွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ပထမအကြိမ် ကပ်ထားကြေငြာသော မဲဆန္ဒရှင်စာရင်းသည် ၂၂၆၉၁၁ ရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ့ရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)