Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွ…
Nov 24,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “ပန်းခင်းစီမံချက်” ဖြင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မိုးနဲမြို့နယ်အတွင်း၌ ဆက်လက်ထိုးနှံ
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့်အဖြစ် မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံများ
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဦးကိုကိုအောင် ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-
အပြည့်အစုံ ဖတ်ရန်
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့နှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး
Nov 24,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ (၃) နာရီအချိန်က လားရှိုးမြို့ရှိ Women Club အဖွဲ့နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆေ…
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစတင်ကာ အမှတ်(၂)ရပ်ကွက်ရှိ နောင်တုံဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော် ဆေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင် ခြယ် ပြိုင်ပွဲကျင်းပ
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့တွင် ကျား/မအခြေပြု အကြမ်းဖက်မှုလျော့ချရေး၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် ညွှန်းပို့တုန့်ပြန်ကူညီဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျ…
Nov 24,2021
နမ္မတူမြို့နယ်၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှဦးစီး၍ ကျား/မအခြေပြု အကြမ်းဖက်မှု လျော့ချရေး၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေးနှင့် ညွှန်းပို့တုန့်ပြန်ကူညီဆောင်ရွက်နိုင်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွ…
Nov 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် "ပန်းခင်း" စီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် "ပန်းခင်း" စီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24195
Page
24196
Page
24197
Page
24198
Current page
24199
Page
24200
Page
24201
Page
24202
Page
24203
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department