Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် ကျေးရွာ အရောက် လိုက်လံအသိပေး နှိုးဆော်
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက ထန်းတပင်ကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် (၉)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး သည့်အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇော်ဂျီ ရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမနှင့် အခြားဆေးထိုးစုရပ်များ၌ ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင် နိုင်ရေးနှင့် ဘက်စုံပြုပြင် မွန်းမံနိုင်ရေးဆောင်ရွက်
Nov 23,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွန်းမံနိုင်ရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အကြို အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ
Nov 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယနေ့နံနက် ၉နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက(၂)လသာ ကျောင်း၀င်းအတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် နိုဝင်ဘာ ၂၂ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၃ ဦး စစ်ဆေးတွေ့ရှိ ၊ ကျန်းမာရေးကောင်းမွန်သူ ၄ ဦး ဆေးရုံဆင်း
Nov 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယနေ့နေ့လည်ပိုင်းအတွင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး
Nov 23,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ (၂၂)ရက်နေ့က မဲပလီကျေးရွာအုပ်စု၊ အလိန်လည်ကျေးရွာအုပ်စုနှင့် တလိုင်မှီကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24199
Page
24200
Page
24201
Page
24202
Current page
24203
Page
24204
Page
24205
Page
24206
Page
24207
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department