Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မမြို့နယ်ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 23,2021
ဝါးခယ်မ နိုဝင်ဘာ ၂၃ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့် အညီ နိုဝင်ဘာ၂၂ရက် နေ့နံနက်(၈)နာရီက ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ် အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင် လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၆၉၂ ဦးရှိပြီး ဆေးထိုးနှံပြီးသူ ၄၃၂၁၄ ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ ကျေးရွာများထိပြုလုပ်
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက်က မိုင်းရယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း အသိပညာပေးဆော်ဩမှုများ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်များအား ရှောင်တခင်စစ်ဆေး
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်မှု ရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း မရှိသည့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက စည်ပင်သာယာမြို့မစျေး အပြင်ဘက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် အမျိုးသာရေးစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ ပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက် ၉ နာရီက ဘဏ်ငွေလာရောက် ထုတ်ယူသော ပင်စင်စားပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ ရွာဟောင်း ကွင်း၊ ကွင်းအမှတ် (၂၄၈)ရှိ တောင်သူ ဦးယောဟန်၏ စိုက်ဧက (၇.၀၄)ဧကအတွင်းရှိ စိုက်ခင်းအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနက ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး လျက်ရှိ
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်း များအား ပင်စင်လစား များကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဖွင့်
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို နိုဝင်ဘာ ၂၂ ရက်က ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ရွာ၊ ဖူလှိုင်ဟိုတယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24193
Page
24194
Page
24195
Page
24196
Current page
24197
Page
24198
Page
24199
Page
24200
Page
24201
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department