Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုများနေ့စဉ်တိုးပွားလာလျက်ရှိရာမိဘပြည်သူများအနေဖြင့်စည်းကမ်းနှင့်အညီနေထိုင်သွားလာကြစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွင် Hand Speakerဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေး စိတ်ဓာတ် များ ရှင်သန်ထက်မြက်စေရေးအတွက် ရည်ရွယ်၍ ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို နိုဝင်ဘာလ(၂၃)ရက် နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြန်အောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကုသရေးလုပ်ငန်း များအတွက် ASEAN AHA Center မှပေးပို့လှူဒါန်းသော Oxygen Concentrator (1…
Nov 23,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများအတွက် ASEAN AHA Center မှပေးပို့လှူဒါန်းသော Oxygen Concentrator (10 Liter) စက်များကို ယနေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေး
Nov 23,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်ပါအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီးထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာ ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လယ်၁နာရီက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာ ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ ဆောင်ရွက်လျက်ရှိ…
Nov 23,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား ယနေ့နံနက်ပိုင်းက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာ စတင်စိုက်ပျိုး
Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာများ စတင် စိုက်ပျိုးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24194
Page
24195
Page
24196
Page
24197
Current page
24198
Page
24199
Page
24200
Page
24201
Page
24202
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department